International News

အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီးလက်လီဈေးနှုန်းတစ်ကီလိုဂရမ်လျှင် ရူပီး ၁၆၂ အထိ မြင့်တက်လာ

Last Updated:

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံနေရာအနှံ့အပြားတွင် ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။ ယခုလ ၆ ရက်နေ့က နိုင်ငံ၏အချို့နေရာများတွင် ခရမ်းချဉ်သီး တစ်ကီလိုဂရမ်လျှင် ရူပီးငွေ ၁၆၂ ပေးဝယ်ကြရသည်ဟုဆိုသည်။ ကော်လ်ကတ္တားမြို့တွင် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၅၂ နှင့် နယူးဒေလီမြို့တွင် တစ်ကီလိုလျှင် ရူပီး ၁၂၀ ရှိသကဲ့သို့ မြို့အလိုက် ခရမ်းချဉ်သီးစျေးနှုန်းအမျိုးမျိုးဖြစ်ပေါ်လျက်ရှိသည်။ အိန္ဒိယတစ်ဝှမ်း ပျမ်းမျှခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ရူပီးငွေ ၈၅ ဒဿမ ၅၈ ဖြစ်ကြောင်း သိရသည်။

အမြင့်ဆုံးစျေးနှုန်းမှာ Shahjahanpurနှင့် Uttar Pradesh တွင် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၆၂ ဖြစ်ပြီး အနိမ့်ဆုံးမှာ Churu၊ Rajasthan တွင် တစ်ကီလိုလျှင် ရူပီး ၃၁ ဖြစ်သည်။ အခြားမြို့ကြီးများတွင်လည်း ခရမ်းချဉ်သီးဈေးနှုန်းကြီးမြင့်လျက်ရှိသည်။ ယခုလ ၆ ရက်နေ့က Gurugram တွင် ခရမ်းချဉ်သီး တစ်ကီလိုလျှင် ရူပီး ၁၄၀နှင့် Bengaluru တွင် တစ်ကီလိုလျှင် ရူပီး ၁၁၀၊ Varanasi တွင် တစ်ကီလိုလျှင် ရူပီး ၁၀၇၊ Hyderabad တွင် တစ်ကီလိုလျှင် ရူပီး ၉၈ နှင့် Bhopal တွင် တစ်ကီလိုလျှင် ရူပီး ၉၀ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ခရမ်းချဉ်သီးသည် ပုပ်သိုးလွယ်သောထုတ်ကုန်တစ်မျိုးဖြစ်သည့်အတွက် ရိတ်သိမ်းချိန်နှင့် သယ်ယူပို့ဆောင်စဉ်၌ မိုးရွာသွန်းမှုကြောင့် ထိခိုက်လေ့ရှိသည့်အတွက် ဇူလိုင်လနှင့် သြဂုတ်လများတွင် ခရမ်းချဉ်သီးဈေးနှုန်းများတက်လာတတ်ကြောင်း သိရသည်။

ရည်ညွှန်း။ The Hindu Business Line

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

 

Category: International News